Saturday 17 March 2012

သမ္မတအမိန့်ဖြင့်ရပ်နားခဲ့သော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပြန်စမည်




သမ္မတအမိန့်ဖြင့် ခေတ္တရပ်နားခဲ့သော မြစ်ဆုံစီမံကိန်းပြန်စနိုင်ရန်အတွက် မြစ်ကြီးနားမြို့နယ် အာဏာပိုင်တို့၏အတင်းအကျပ်ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့်တန်ဖဲကျေးရွာနေ ဒေသခံများသည် မတ်လ(၁၆) ရက်နေ့ညနေပိုင်းက ပြန်လည်ပြောင်းရွှေ့ပေးခဲ့ရကြောင်းသတင်းရရှိသည်။

မတ်လဆန်းပိုင်းကတန်ဖဲရွာသားများကိုအာဏာပိုင်တို့ဖမ်းဆီးခေါ်ဆောင်သွားပြီး မြစ်ဆုံရေအားလျှပ်စီမံကိန်းမြေနေရာတွင်း ဝင်ရောက်နေထိုင်ခြင်းသည်တည်ဆဲဥပဒေပုဒ်မ(၁၈၈)ချိုးဖောက်သောကြောင့်တရားဥပဒေနှင့် အရေးယူမည်ကို သိရှိပါကြောင်းလက်မှတ်ရေးထိုးခဲ့ရသည်။

မတ်လ(၁၇)နေ့နောက်ဆုံထားပြီးပြောင်းကြရန်အာဏာပိုင်တို့အမိန့်ထုတ်ခဲ့သည်။အာဏာပိုင်တို့ကဆက်လက်ပြီး Asia Worldကုမ္မဏီဝန်ထမ်းများနှင့်အတူတန်ဖဲကျေးရွာသို့ ထပ်မံရာက်ရှိလာပြီး "အစိုးရမြေကျူးကျော်ခြင်းမပြုရ၊ကျူးကျော်ပါကတည်ဆဲဥပဒေအရအရေးယူခံရမည်"စသည့်ဆိုင်းဘုတ်များ လာရောက်ထောင်ခဲ့သည်။
 ကျေးရွာသားများမှဖမ်းဆီးအရေးယူမည်ကို ကြောက်ရွံသောကြောင့် ပြောင်းရွှေ့ပေးကြရခြင်းဖြစ်သည်။
 ထိုသို့ဒေသခံရွာသားများပြောင်းရွှေ့ရန်ဖိအားပေးစေခိုင်းမှုတွင် Asia World ကုမ္မဏီမှ တာဝန်ရှိသူများလည်းပါဝင်သည်ဟု သတင်းရရှိသည်။

တန်ဖဲကျေးရွာမှရွာသားများအား ပြောင်းရွှေ့ခိုင်းသည့်လုပ်ရပ်ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကမေတ္တာရပ်ခံစာပေးပို့ခဲ့သည်။ထိုမေတ္တာရပ်ခံစာကို ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ထံသို့ လည်းပေးပို့ခဲ့သည်။

ပိုင်ဆိုင်ခွင့်မရှိတော့သည့်ကျမချစ်သောမြစ်ဆုံ

 photos: Khon Ja

2 comments :

Anonymous said...

Where is Kachin rebel ? They cannot prevent for their territory even they can make to explore bomb in city areas.They are also doing for whose interests ? Think think think....why most of the ethnic rebels are looks like Chinese & other neighbourhood countries' appearance, only our Myanmars' complexion is different with them except Chin .

Anonymous said...

ကချင်သူပုန် ဆိုတာလား။
အာပလာပါပဲ။
ဘာသောက်ဖြစ်မှ မရှိတာ၊ အခု ကျောက်စိမ်းအနားတောင် ကပ်မရတော့လို့
ဘိမ်းမှောင်ခိုပဲ လုပ်နေတယ်။