Thursday 26 April 2012

စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်းပြီး ဇေကမ္ဘာကုမ္မဏီ၊ ဝါဝါဝင်းကုမ္မဏီတို့ မတရားသိမ်းယူခဲ့သော ရန်ကုန်ဒေသအတွင်းရှိ လယ်ယာမြေပြသနာများကို မည်သည့်အစိုးရဌာနကမှ ဖြေရှင်းပေးမှုမရှိ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သိမ်းခံရသော လယ်ပိုင်ရှင် ၆၀ခန့်သည် ရန်ကုန်မြို့အိုးအိမ်ဦးစီးဌာနရှေ့တွင်စုဝေးခဲ့ကြပြီး အသိမ်းခံရသောလယ်များ ပြန်လည်ရရှိရေးအတွက် မည်သည့်သက်ဆိုင်ရာဌာနက ဆောင်ရွက်ပေးမည်ဖြစ်သည်ကို လယ်သမားများအရေးဆောင်ရွက်ပေးသူ ဦးဝင်းချို၊ ဦးနေမျိုးဝေတို့နှင့်အတူ အိုးအိမ်ဦးစီးဌာနသို့တရားဝင်စာတင်မေးမြန်းခဲ့ကြသည်။ လယ်သမားများပိုင်ဆိုင်သောလယ်ယာမြေများကို ကြံ့ဖွတ်အမတ် ဦးခင်ရွှေပိုင်ဆိုင်သော ဇေကမ္ဘာကုမ္မဏီနှင့် ဝါဝါဝင်းများကုမ္မဏီများမှ စစ်အစိုးရဗိုလ်ချုပ်များဖြင့်အကျိုးတူပူးပေါင်းကာ မတရားသိမ်းယူခဲ့ခြင်းဖြစ်သည်။ လယ်သူမကြီးတဦးမှ မိမိပိုင်လယ်မတရားသိမ်းယူခံရသောကြောင့် ယ္ခုအခါစားဝတ်နေရးအတွက် ပန်းရံ့ အလုပ်ကြမ်းလုပ်ကိုင်ကာဝမ်းရေးဖြေရှင်းနေရကြောင်းနှင့် မိမိလယ်မြေကိုသာပြန်လိုချင်ကြောင်း ဆန္ဒထုတ်ဖေါ်ပြောကြားခဲ့သည်။ လယ်သူမကြီးတစ်ဦး၏ ရင်ဖွင့်ပြောကြားချက်။ အိုးအိမ်ဌာနမှ ဒုလက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝင်ရောက်တွေ့ဆုံပြီး ဦးနေမျိုးဝေပြန်လည် ပြောကြားချက်။ အိုးအိမ်ဌာနမှ ဒုလက်ထောက်ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံအပြီး ဦးဝင်းချို၏ ပြောကြားချက်။ BY Naung Taw Lay

No comments :