Sunday 22 April 2012

နိုင်ငံရေးလှုပ်ရှားများကို SBသတင်းတပ်ဖွဲ့မှနေပြည်တော်သို့နေ့စဉ်သတင်းပို့။

 NLDပါတီအရေး၊ ကျောင်းသားသမဂ္ဂပေါ်ထွန်းရေး၊ အာဏာပိုင်တို့ကြောင့်နစ်နာရသော အလုပ်သမား၊လယ်သမားများအရေးကို လှုပ်ရှားတက်ကြွစွာဆောင်ရွက်နေသူများစာရင်းနှင့် လှုပ်ရှားများကို သက်ဆိုင်ရာမြို့နယ်အသီးသီးအလိုက် ထိုမြို့နယ်၏ SB သတင်းတပ်ဖွဲ့မှတဆင့် နေ့စဉ်နေ့လည် ၂နာရီထက် နောက်မကျစေရဘဲ နေပြည်တော် သတင်းတပ်ဖွဲ့ရုံးချုပ်သို့ သတင်းပေးပို့နေရကြောင်းသတင်းရရှိသည်။ အရေးပေါ်အထူးစီမံချက်အနေဖြင့် နေ့စဉ်သတင်းပို့ရန်နေပြည်တော်မှညွှန်ကြားထားကြောင်းသိရှိရသည်။ ဗိုလ်ခင်ညွှန့်ထောက်လှမ်းရေးအဖွဲ့အမြှစ်ပြတ်ချေမှုန်းခံရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံသတင်းတပ်ဖွင့်တွင် နိုင်ငံရေးတက်ကြွသူများရဲ့ မှတ်တမ်းမှတ်ရာများသိပ်မရှိလှကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ၏မှတ်တမ်းသာရှိနေကြောင်းသိရသည်။ 


No comments :