Wednesday 16 May 2012

ကမ္ဘာကျော်ရုရှား စစ်တုရင်ချန်ပီယံ ဂယ်ရီ ကဲစပါးရော့ ပူတင် ကို စိန်ခေါ်လိုက်

Chess Champ Kasparov Challenges Putin
"This is a game without any rules," says chess Grandmaster and reformist Garry Kasparov who spoke to Christiane Amanpour from Moscow about the rising impatience among Russians.

 ရုရှားနိုင်ငံမှာ ပူတင်ဟာ အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်နေတယ်လို့ ကမ္ဘာကျော်ရုရှား စစ်တုရင်ချန်ပီယံ ဂယ်ရီ ကဲစပါရော့ Skpe ကနေ CNN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုလိုက်တယ်။ ကရင်မလင်ဟာ ဥပဒေမဲ့ မတရား အာဏာကို ဆက်လက်ဆုတ်ကိုင်ထားပြီး၊  အဆင်ပြေသလို ထင်ရာစိုင်း လုပ်နေတာကြောင့် ပြုပြင်ပြောင်းလဲမှုတွေတိုးတက်မှုမရှိပဲ၊  နောက်ပြန် ဆုတ်နေတယ် လို့ သူက ပြောဆိုလိုက်တယ်။   

ရုရှားသမ္မတ ပူတင်ဟာ မဲခိုးမဲလိမ်မှုကြောင့် သမ္မတ အဖြစ်ပြန်လည်အရွေးခံခဲ့ခြင်းသာဖြစ်ပြီး၊ သူကို ဆန့်ကျင်တဲ့ ရုရှားပြည်သူတွေ ကတော့ လမ်းမပေါ်မှာ သောင်းနဲ့ ချီဆန္ဒပြနေကြပါတယ်။ ဂေါ်ဘာချော့ဗ် အပါအ၀င် ရုရှားအတိုက်ခံခေါင်းဆောင်တွေ က တော့ ပူတင်ဟာ ရုရှားနိုင်ငံရေးကနေ ထွက်ခွာသွားသင့်ပြီးဖြစ်ကြောင်း နှင့် ပူတင်ဟာ ရုရှားနိုင်ငံရဲ့ ပြောင်းလဲမှုတွေ မှာ အဟန့်အတား တံတိုင်းကြီးဖြစ်နေတယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။  

 ပူတင်ဟာ ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေကြောင့် အမေရိကန်နိုင်ငံ သမ္မတ အပန်းဖြေအိမ်မှာ ကျင်းပမဲ့ ကမ္ဘာ့ထိပ်သီး ၈ နိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်နိုင် မှာမဟုတ်ကြောင်း ကရင်မလင်က လာတဲ့ သတင်းများအရ သိရှိရပါတယ်။

1 comment :

Anonymous said...

သူပြောတဲ့ထဲက ကရင်မလင်ဟာ ဥပဒေမဲ့ မတရား အာဏာကို ဆက်လက်ဆုတ်ကိုင်ထားတယ် ဆိုတာ ဘယ်သူလဲဗျ။ အဲ့ဒါဘယ်ကရင်မရဲ. လင်လဲ။