Sunday 8 July 2012
၈၈ ရုံးခန်းတွေကို စီနင်းမှု ဌေးဦး ညွန်ကြားဟုသိရ
    ဇူလှိုင် ၇ရက်နေ့ က အခန်းအနားမဖြစ်အောင် ဒီငြိမ်းလင်းနဲ့ ကျောင်းသားများကိုဖမ်းဆီးခဲ့တာရယ်။ ၈၈ မျိုးဆက်တွေရဲ့ ရုံးခန်းတွေကို ၀င်ရောက်ဆီးနင်းတာတွေဟာကြံ့ဖွတ်ခေါင်းဆောင် ဦးဌေးဦးညွန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာ
လို့ သိရပါတယ်။ ဦးသိန်းစိန်နဲ့ အဖွဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဆောင်လိုပေမဲ့ ဦးဌေးဦးတို့ လို
လူတွေက ခေတ်နောက်ပြန်ဆွဲရေးသမားတွေက အပြောင်းအလဲတွေကိုမလုပ်လိုပဲကန့် လန့် 
ကပြောနေကြပါတယ်။  လက်ရှိအပြောင်းလဲမှာ ဌေးဦးဟာ ဖျက်မြင်းလုပ်နေတယ်။ နေရာပျောက်နေတယ်လို့ ခံစားနေရပြီး အာဏာသိမ်းဖို့ ဦးသန်းရွှေကို 
၅ ကြိမ်ခန့်  တိုက်တွန်းခဲ့တယ်လို့ ဆိုတယ်။ သူု ဒုသမတ ဖြစ်ဖို့  ကျန်တဲ့ခေါင်းဆောင်တွေကို 
အရမ်းဖါးနေတယ်လို့ လဲ ကြံ့ဖွတ်တွေအချင်းအချင်းပြောနေကြပါတယ်။  ဌေးဦးဟာ
စာမဖတ်ဘူး၊ မလေ့လာဘူး။  
 တနေကုန်ပုတီးစိတ်နေတယ်။ ဓါတ်ရိုက်ဓါတ်ဆင်တွေ နဲ့ ရာထူးတက်ဖို့ အတွက်အောက်လမ်းနည်းမျိုးစုံကိုသုံးနေတယ်လို့ အတွင်းသိတွေက ဆိုပါတယ်။   ဦးဌေးဦးဟာ ဂျပန်နိင်ငံကိုသွားခဲ့စဉ်က ဂျပန်တွေကို 
ရင်းနှီးမြှပ်နှံမှုတွေလာလုပ်နိင်ကြောင်း သူကူညီနိင်ကြောင်း၊ ဦးသန်းရွှေကို သူဘယ်လိုပိုင်
ကြောင်းတွေ ကြွားဝါခဲ့တယ်လို့ ဆိုတယ်။  အင်္ဂလိပ်စာညံတဲ့ဦးဌေးဦးနဲ့  အင်္ဂလိပ်စာညံရှာတဲ့
ဂျပန် အစိုးရထိပ်ပိုင်းဝန်ကြီးတို့ စကားပြောဆွေးနွေးခန်းကလဲ အတော့်လေးကို ပြောစမတ်ပြု
ခဲ့တယ်လို့ နိင်ငံခြားရေးဝန်ထမ်းတွေကြားမှာ ဟာသတပုဒ်ဖြစ်နေခဲ့ရတယ်လို့ ဆိုတယ်။ 
ရင်းနှီးမြှပ်နှံမှုတွေလုပ်တဲ့အခါမှာ အခွန် တွေဘယ်လောက်ပေးရမလဲ     (How Much ) လို့  ဂျပန်ဝန်ကြီးက မေးတဲ့မေးခွန်းကို  ဦးဌေးဦး က  ပေးစရာမလို  No Much 
 လို့ ဖြေခဲ့တယ်လို့  ဆိုပါတယ်။ 
2 comments :
Anonymous said...
he: he: No Much
Anonymous said...
Asker ခင်ညွန့် ထက် သာသွားပြီပေါ့ဗျာ....... ဇာတ်ကြောင်းက ဒီလိုပါ။ ဘိုခင်ညွန့် တန်ခိုးထွားချိန်က စလုံးကို လာရင်းနဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ သူပြောချင်တာတွေ ပြောအပြီး မေးခွန်းမေးမဲ့သူ ရှိသေးလား ဆိုတာကို ဘိုလိုမှုတ်လိုက်တာ any asker တဲ့။ နောက်နေ့ စလုံး သတင်းစါမှာ asker ခင်ညွန့် ဆိုပြီး ပါလာပါတယ်။ အမှန်ဖြစ်ရမှာက any questions လို့ သုံးရမှာပါ။ ဗမာပြည်က စစ်ဘိုတွေက ဘိုလိုလဲ ပြောချင် မပြောကလဲ မပြောတတ် တော့ လူရီစရာ တွေ ဖြစ်ကုန်တော့တာပေါ့။