Saturday 14 July 2012

တိုင်းပြည် ဟာ ဘာကြောင့် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျခဲ့ရသလဲ


-မြတ်စိုး-
၀၇-၁၄-၂၀၁၂

" တိုင်းပြည်တပြည်ရဲ့  အနာဂတ် နှင့် ဖွံ့ဖြိုးတိုးတက်မှု ဟာ အဲဒီနိုင်ငံရှိ  အုပ်စိုးသူ အစိုးရတွေ က တိုင်းပြည်ရဲ့ လူထု ပညာရေး အပေါ် ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံမှု၊ တန်ဘိုးထားတက်မှု အပေါ် မှုတည်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အုပ်စိုးသူ အစိုးရ ဟာ အာဏာ တည်မြဲရေး အတွက် ပညာရှင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာကြမဲ့  ကျောင်းသူ ကျောင်းသားတွေ ကို ရန်သူလို ပြုမှုဆက်ဆံနေရင်တော့ အဲဒီနိုင်ငံဟာ  အနာဂတ်မှာ အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်နေမှာပါပဲ။"

အခုတလော  ကမ္ဘာ့နိုင်ငံ အသီးသီး မှာ ပညာရေး အတွက် အစိုးရ ရဲ့ လုပ်ဆောင်ချက်တွေ ကို ကမ္ဘာ့သတင်းမီဒီယာတွေ မှာ ဖော်ပြနေကြတယ်။ ဒီထဲမှာ ထူးခြား စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းကတော့ ဘရာဇီးနိုင်ငံ၊ အိန္ဒိယ နိုင်ငံနဲ့ ထိုင်းနိုင်ငံ အစိုးရတွေရဲ့ ပညာရေး ဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပဲဖြစ်တယ်။

မကြာသေးခင်ကပဲ ဘရာဇီးအမျိုးသား လွှတ်တော်က လူထု ပညာရေး အတွက် ငွေကြေးသုံးစွဲမှု ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဟာ ပညာရေးလောက မှာ အထူးစိတ်ဝင်စား အားရဖွယ်ကောင်းတဲ့ သတင်းတပုဒ်ဖြစ်ခဲ့တယ်။  ဘရာဇီးအမျိုးသား လွှတ်တော်က တိုင်းပြည်ရဲ့ နှစ်စဉ် အမျိုးသားကုန်ထုတ်လုပ်မှု ၀င်ငွေရဲ့  ၁၀ ရာခိုင်နှုန်း ကို သုံးစွဲဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းပါ။

နောက်ထပ် သတင်းတပုဒ်ကတော့ အိန္ဒိယ နိုင်ငံ ပြည်နယ် အစိုးရ က ၂၀၁၂ ခုနှစ် အထက်တန်းနှင့် ၁၂ တန်း အဆင့်ရှိတဲ့ အင်တာမီဒီယိတ် စာမေးပွဲများကို ဖြေဆိုအောင်မြင်သူများအား Laptop ကွန်ပြူတာ နဲ့ နှင့် tablet များကို အခမဲ့ပေးသွားရန် ဆုံးဖြတ်ခဲ့ခြင်းပါ။ 
 ဒီဆုံးဖြတ်ချက်ဟာ ကျောင်းသူ၊ ကျောင်းသားများအပေါ် ပညာရေး အတွက် ဆွဲဆောင်မက်လုံးပေးမှု 
လုပ်ခဲ့တဲ့ ပြည်နယ်အစိုးရ ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်လည်းဖြစ်တယ်။ အိန္ဒိယ ဗဟို အစိုးရ ဟာ အိန္ဒိယ ကျောင်းသားများ အဆင့်မြင့်နှင့် ခေတ်မှီ ပညာရေး ကို သင်ကြားဆည်းပူးနိုင်ရန် Laptop ကွန်ပြူတာ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချသွားမယ်လို့ လည်း ကျေညာသွားခဲ့တယ်။ လောလောဆယ် အိန္ဒိယ ကျောင်းသားများ သုံးစွဲမဲ့ Laptop ထုတ်လုပ်မှု ဟာ ဒေါ်လာ  ၂၀ နီးပါး ကုန်ကျစရိတ်ရှိနေပေမဲ့ သန်းချီတဲ့ ကျောင်းသုံး Laptop များ ထုတ်လုပ်မှု ဟာ ၁၅ ဒေါ်လာ နီးပါးသာ ကုန်ကျမှာ ဖြစ်တယ်လို့ အိန္ဒိယ သတင်းစာတွေ နဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ မှာ ဂုဏ်ယူစွာဖြင့် ဖော်ပြခဲ့ကြတယ်။

 အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ထိုင်း ပညာရေး အဆင့်အတန်း နှင့် အရည်အသွေး လေ့လာဆန်းစစ် သုတေသနပြုတဲ့ ဌာနကတော့ ထိုင်းနိုင်ငံ တ၀ှမ်း အဆင့်မြင့်ကျောင်းတွေကို လေ့လာ စစ်ဆေးခဲ့ရာမှာ ကျောင်းပေါင်း၂၂၉၇ ကျောင်းဟာ သတ်မှတ်ထားတဲ့ အရည်အသွေးထက် နိမ့်ကျနေပြီး၊ ပြိုယွင်းကျဆင်းမှုတွေရှိနေတယ်လို့ တနိုင်ငံလုံးက ပြည်သူတွေ ကို ရုပ်မြင်သံကြား နဲ့ သတင်းစာတွေ ကနေတဆင့် အသိပေးဖော်ပြခဲ့ကြတယ်။  

 ပညာရေး အဆင့်အတန်း နှင့် အရည်အသွေး ကို လေ့လာဆန်းစစ်ရာမှာ သတ်မှတ်ထားတဲ့ ပညာရေးဆိုင်ရာ စံနှုန်း အချက်ပေါင်း ၁၂ ချက် ပေါ်မှုတည်ပြီး တိုင်းတာခဲ့ကြတာလို့ ထိုင်းပညာရေးဝန်ကြီးဌာနက အတည်ပြုခဲ့တယ်။
ထိုင်း တက္ကသိုလ် မှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားများ

 နည်းပညာနှင့် အတက်ပညာဆိုင်ရာ ကော်လိပ် စုစုပေါင်း ၈၀၇ ကျောင်း ရှိရာမှာ ၁၇၉ ကျောင်းကို လေ့လာဆန်းစစ်မှုတွေပြုလုပ်နေပြီး၊ တက္ကသိုလ် စုစုပေါင်း ၇၂ ကျောင်းမှာ ၄၇ ကျောင်း ကို စစ်ဆေးပြီးခဲ့ပြီး လို့ ထုတ်ပြန်ကျေညာခဲ့တယ်။ ထိုင်းနိုင်ငံရှိ တက္ကသိုလ် ၄၅ ကျောင်းဟာ ပညာရေး အဆင့်အတန်း နှင့် အရည်အသွေး မှီခဲ့တာ တွေ့ရှိခဲ့တယ်လို့လည်း ဖော်ပြထားတာတွေ့ရတယ်။ ထိုင်းနိုင်ငံတ၀ှမ်း မှာ တက္ကသိုလ်နည်းပြ ကျောင်းဆရာ၊ဆရာမပေါင်း ၅၆, ၉၇၈ ယောက် အနက် ၃၈,၂၃၈ ယောက် သာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံ ရှိတာကြောင့် ထိုင်းနိုင်ငံရဲ့ ပညာရေး စနစ်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ပညာရေးဆိုင်ရာ ဆန်းစစ်မှု  စစ်တမ်းမှာ ဖော်ပြထားတာတွေ့ရတယ်။

မြန်မာနိုင်ငံမှာတော့ ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၁၀၀ ကျော်ခန့်သည် သူတို့ ကျောင်းတက်နေသော ကားလမ်း ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခဲ့ကြတယ်ဆိုတဲ့သတင်း သစ်ထူးလွင် အင်တာနက် စာမျက် နှာမှာ ဖတ်ရှု့ခဲ့ရတယ်။
ကျောင်းသားများ အသုံးပြုနေသော ငလကျွန်းမှ ဂုံးချိန်ကျေးရွာသို့ သွားသော လမ်းသည် ယခင်က ဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီးများကို အသုံးပြုပြီး သွားလာနိုင်သော်လည်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဒေ၀ူး ကုမ္ပ္ပဏီနှင့် အိန္ဒိယ ကုမ္ပ္ပဏီမှ ကားကြီးများ အသုံးပြုပစ်ခဲ့သဖြင့် သွားလာ၍ မရအောင် ပျက်စီးနေပြီး ရွံ့နွံများမှာ ဒူးဆစ်ထိ နစ်နေကြောင်း ဖော်ပြထားတယ်။
 “ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ဈေးသွား ဈေးလာတွေရော အခု လုံးဝ သွားလာလို့ မရအောင် ပျက်စီးနေပါတယ်။ ဒီလမ်းက ငလကျွန်းအုပ်စုက ကျေးရွာသားတွေ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားတဲ့ လမ်းဖြစ်ပါတယ်။ အခု ပျက်စီးသွားတော့ ပြန်လည် လုပ်မပေးတဲ့ အတွက် ကျောင်းသားတွေက ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတဦးက က ပြောတာကို သစ်ထူးလွင်မှာ ကိုးကားဖော်ပြထားတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့နေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့တာတွေ့ရတယ်။ တကယ်တော့ ဒီလိုဖွံ့ဖြိုးမှု နောက်ကျခဲ့တာဟာ မြန်မာနိုင်ငံရှိ အာဏာရှင်စနစ် အောက်မှာ ကသောင်းကနင်း အခြေအနေနှင့် ပျက်စီးယိုယွင်း ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြောင့်သာဖြစ်တယ်။  အာဏာရှင်စနစ် အောက်မှာ ကျောင်းသားကျောင်းသူတွေ ကို ရန်သူလိုဆက်ဆံမှု၊ မုန်တီးစွာ ထောင်ချနှိပ်ကွပ်ခဲ့မှု၊ တိုင်းပြည် က ပညာရှင်တွေ ထွက်ခွာသွားခဲ့မှု၊ အဝေးသင်ပညာရေး စနစ် အောက်မှာ ကြီးပြင်းခဲ့ရတဲံ ကျောင်းသူကျောင်းသားတွေရဲ့ အခြေအနေ၊  ဒီ အကျိုးသက်ရောက်မှုတွေ ကို မြန်မာပြည်သူတွေ  လက်ရှိရင်ဆိုင်နေရတာဖြစ်တယ်။ ဒီဖြစ်ရပ်တွေ ကို သင်ခန်းစာ မယူသ၍  မြန်မာနိုင်ငံဟာ အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျမှု ဆက်လက်ရှိနေပေလိမ့်မယ်။

3 comments :

Anonymous said...

DEAR CITIZENS,

We wish to highlight the RIGHT HISTORIC ANSWER of CURRENT SITUATION to understand.
The following are so called “INFRASTRUCTURE WORK” for the OPERATION OF SOCIATY.

1)Above the ground Electrical Distribution System
2)Underground Sanitary System
3)Underground Drainage System
4)Above the ground and underground Drinking Water Supply System
5)Construction of road and lane in town
6)City/Town Fire Fighting System (eg. Provide Pillar Hydrant and under ground water pipe line in each and every of main road)
7)Rubbish/Debris Cleaning System & Facility. (eg. Municipal Office/Group/Council : (a)Arrange and carry out cleaning Rubbish at Main Road, Market ,Drain & Plublic Hall …etc (b) Provide Rubbish Truck/Garbage Truck…..etc)
(c) Provide Rubbish Bin in town
8)Public Hygiene Office/Council (eg. Mosquito Breeding Prevention)

A Good Government has to carry out the above-mentioned “INFRASTRUCTURE Work” REGULARLY & GRADUALLY in EACH and EVERY of CITY/TOWN THROUGH OUT the COUNTRY.

But Military Government failed to carry out the works for 50 years since 1962 at the time of JUNTA,NE WIN.( even can not clean up the rubbish in town. How can make the country to be developed?)
NOW the CITIZENS ARE FACING THE 50 YEARS HUGE DEBT GIVEN BY JUNTA, NE WIN and HIS NEW GENERATION OF MILITARY GANGSTERS.

In other words, we can say that……
The living standard of the country is going down deeper and deeper with great acceleration and momentum due to the IMPACT OF 50 YEARS MISTAKES OF WRONG POLITICAL SYSTEM and WRONG ECONOMIC SYSTEM SET UP BY JUNTA,NE WIN and FOLLOWED UP BY HIS NEW GENERATION OF MILITARY GANGSTERS

TO RECOVER BACK THIS 50 HUGE DEBT,
-FIRST, the RULING SYSTEM of GOVERNMENT must be TOTALLY TO BE CHANGED(UNDER ONE ROOF of DEMOCRACY)
-SECOND, the NEW GOVERNMENT HAS to REBUILT THE COUNTRY for at least 10 to 15 years .

DEFINITELY the 50 YEAR HUGE DEBT CAN NOT BE RECOVERED BACK WITHIN A FEW YEARS even the right government do the right things with the great effort day and night.

A Group of Burmese (Singapore)

Distribution:(ASEAN OFFICERS,FOR 50 YEARS WE ARE SEEKING YOUR KIND EFFORT TO HELP MYANMAR HUMAN BEINGS TO ESCAPE FROM JUNTA GOVERNMENT)

Anonymous said...

ဒကာကြီး မောင်မြတ်စိုး ကြိတ်ထားကွ (ဆေးကြိတ်ခိုင်းတာမဟုတ်ဘူး- စာဆက်ရေးလို့ မေတ္တာရပ်တာ)၊ ကောင်းပဗျား ဒီလိုသာဆက်ရေးနေ ဖုန်းဖုန်းတို့ ကျောင်းလာလျှင် ငှက်ပျေားသီးနဲ့ ထန်းလျှက်ခဲ တဝ စွန့် ကမ်းမယ်ဟေ့ ၊ အိမ်း တော်ဗျကွာ

KO said...

Totally agreed with you !