Wednesday, 6 February 2013

  • မလေးရှားနှင့်မြန်မာ သိပ္ပံနှင့် နည်းပညာပူးပေါင်း
ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုး
Wednesday, February 06, 2013

မလေးရှားနှင့် မြန်မာတို့သည် နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

အဆိုပါ စာချုပ် ကို မလေးရှား သိပ္ပံနှင့်နည်းပညာဝန်ကြီး
ဒါတွတ် ဆီရီ မက်ဆီးမတ် ဂျွန်နီတီ အောင်ကီလီနှင့် မြန်မာ့
သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာကိုကိုတို့ သဘောတူ လက်မှတ်ရေးဖိုးခဲ့ခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာတွင် နှစ်နိုင်ငံစလုံး၏ စီးပွားရေး တိုးတက်
စေရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နည်းလမ်းများ ဝေမျှ
သွားရန် ၊ တက္က သိုလ်များ၊အဖွဲ့ အစည်များ၊ အသင်းအဖွဲ့ များ
အပါအဝင် အများပြည်သူဆိုင်ရာနှင့် ပုဂလိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် စသည့်အချက်များလည်း
ပါဝင်သည်။

မလေးရှား သိပ္ပံနှင့်နည်းပညာဝန်ကြီး အောင်ကီလီက “ဒီ နားလည်မှုစာချွန်လွှာဟာ နှစ်နိုင်ငံစလုံးရဲ့ သိပ္ပံနဲ့ နည်းပညာ
ဆိုင်ရာ စွမ်းဆောင်ရည် တွေကို ပိုအားကောင်းစေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်တဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြတဲ့ ဆက်ဆံရေးတွေကို ချဲ့ထွင်
နိုင် မှာပါ”ဟု ပြောကြားသည်။

မြန်မာနှင့် မလေးရှားတို့သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီတစ်ရပ်ကိုလည်း တည်ထောင်သွားမည်ဟု သိရသည်။

Ref: New Strait Times
The Myanma Age
    မလေးရှားနှင့်မြန်မာ သိပ္ပံနှင့် နည်းပညာပူးပေါင်း

No comments :