Thursday 22 September 2011

ဧရာဝတီအတွက် မန်း က စတင်ဦးဆောင်လိုက်ပြီ။


မန္တလေး စိမ်းရောင်စိုမှ စီစဉ်သော မန္တလေး-ရှိန်းမကား ( ဧရာဝတီ ခရီးစဉ် ) ကို(၁၁-၉-၁၁) နံက် ၊၆နာရီတွင် မရမ်းခြံဆိပ်မှ ပင်မ မော်တော်ကြီးနှင့် ရုပ်/သံ ရိုက်ကူးရေးနှင့် မီဒီယာများ ပါဝင်သော မော်တော်ငယ် တစ်စီး ဖြင့် ထွက်ခွာခဲ့သည်။ နံက် ၄း၃၀ ခန့်တွင် လိုက်ပါမည့်သူများ မှ ဧရာဝတီ အတွက် လက်မှတ် ရေးထိုးကြသည်။ ထို့ကြောင့် နံက် ၆နာရီမှ ခရီးစတင်ခဲ့သည်။ ဖိတ်ကြားထားသော ပညာရှင်များ၊ စာပေ အသိုင်းအဝိုင်း နှင့် မီဒီယာ များလိုက်ပါ လျက် ဧရာဝတီ မြစ်ကြောင်းပေါ်တွင် ဧရာဝတီ နှင့် စပ်လျဉ်းသော စာတမ်းများ၊ ကဗျာများ၊ကို ဖတ်ကြားခဲ့ပါသည်။ မန္တလေး၊ရန်ကုန်၊မြစ်ကြီးနား၊ရွှေ
ဘို၊ ပြင်ဦးလွင်၊ရှိန်းမကား စသည်ဖြင့် ပရဟိတ အဖွဲ့ပေါင်း ၂၆ ဖွဲ့ လိုက်ပါခဲ့ပါသည်။ အပိုင်းများဖြင့်တင်ပေးသွားပါမည်။  ( ဗီဒီယိုရုပ်သံကိုအမြန်ဆုံးတင်ပေးပါမည်။ )
 
ကိုဝိုင်ဝိုင်ကေ ၂၂-၉-၁၁

No comments :